ကျွန်တော်တို့တွေ Hmawbi online
family ရဲ့ မဲ့လေးမဲ့ စသည်ဖြင့်...ချို့တဲ့နွမ်းပါးတဲ့ နေရာတွေကို
လှူဖို့အတွက် အားလုံး စိတ်ပါဝင်စားကြတာကိုသိရပါတယ်။ဟိုတစ်နေ့က
ပို့စ်ရဲ့အောက်မှာကွန်မန့်တွေ
မြိုင်မြိုင်ဆိုင်ဆိုင်ကြီးတွေ့လိုက်ရလို့ပါ..။ထားပါတော့ဗျာ။အဲ့လိုစိတ်ဝင်တစားရှိကြတဲ့အတွက်...အလှူဖြစ်မြောက် ရင်လည်း
မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဖြစ်ဦးမှာပါ...။ဒီတော့
အားလုံးတိုင်ပင်ဆွေးနွေးကြဖို့အတွက် ကျွန်တော်တစ်ခု
ပြောချင်ပါတယ်။အလှူလုပ်မယ်ဆိုတာ...တစ်နေရာ၊ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထဲကို
ပဲမဟုတ်ပဲ...တကယ်ချို့တဲ့တဲ့ နွမ်းပါးတဲ့ နေရာ အမြောက်အမြားကို
လှူဒါန်းကြမှာပါ...။လှူဒါန်းဖို့အတွက် အဓိက လိုအပ်တာက
အလှူခံပုဂ္ဂိုလ်တွေပါ...။ဒီတော့ တကယ်နွမ်းပါးတဲ့ နေရာတွေကို
အားလုံးတတ်စွမ်းသမျှ စုံစမ်းထားကြစေချင်ပါတယ်။တစ်လတစ်ခါ ဒါမှမဟုတ်
နှစ်လတစ်ခါလောက် အလှူကို ဖြစ်မြောက်စေချင်ပါတယ်။
အလှူလုပ်မယ့် နေ့ရက်ကိုလည်း နေ့တစ်နေ့လောက်သီးသန့်ရွေးထားစေချင်ပါတယ်။ဥပမာ...လတစ်လရဲ့ ပထမဆုံးရက်လိုနေ့မျိုးကို ဒီအဖွဲ့လေးရဲ့ အလှူနေ့အဖြစ်သတ်မှတ်တာမျိုးပေါ့...။အဲ့ဒီလို ရက်တစ်ရက်သတ်မှတ်လိုက်မယ်ဆိုရင်...အဲ့ဒီနေ့မတိုင်ခင် ငါးရက်ခြောက်ရက်လောက်စောပြီး အလှူငွေကောက်ခံတဲ့ရက်ကို နောက်ဆုံးကန့်သတ်လို့ရပါတယ်။အလှူနေ့ကို စ သတ်မှတ်မယ်ဆိုရင်လည်း တစ်လလောက်စောပြီး သတ်မှတ်စေချင်ပါတယ်။ဒါမှလည်း လှူမယ့် အလှူရှင်တွေ တစ်လလောက် ပိုက်ပိုက်စုထားလို့ရတာပေါ့လေ...။နောက်လတွေ နောက်လတွေမှာတော့ ဒီလိုပဲ လည်ပတ်သွားပါလိမ့်မယ်။အလှူကောက်ခံပေးမယ့်သူများလည်း လိုအပ်ပါတယ်။အလှူစာရင်းကိုလည်း ကန့်သတ်ရက်နီးလာရင်...တင်ပေးစေချင်ပါတယ်။ဒါမှ မလှူလိုက်ရတဲ့သူတွေလည်း ပါဝင်ကုသိုလ်ရအောင် သာဓုခေါ်လို့ရတာပေါ့။လှူချင်တန်းချင်တဲ့စိတ်လေးလည်း ၀င်သွားနိုင်တာပေါ့...။အားလုံးလှူကြတဲ့ ပိုက်ပိုက်တွေက အလှူတစ်ခုပြုဖို့သင့်တော်တဲ့ ပမာဏရောက်သွားရင်တော့ သတ်မှတ်ထားတဲ့ နေ့လေးမှာ ဒီအဖွဲ့ရဲ့ အလှူလေးစကျင်းပနိုင်ပြီလေ။ဒါပေမယ့် တစ်လထဲနဲ့ အလှူတစ်ခုပြုဖို့သင့်တော်တဲ့ ပမာဏမရသေးရင်တော့ နောက်တစ်လပါ ထပ်ပေါင်းပြီး နောက်တစ်လရဲ့ သတ်မှတ်ထားတဲ့ ရက်လေးမှာ လှူနိုင်ပါတယ်။ကဲ...အားလုံး ဆက်ဆွေးနွေးပေးကြပါဦးဗျာ....။
Via...

No comments:
Post a Comment