Sunday, May 19, 2013

ပရဟိတ အလှူတော် မင်္ဂလာ


အားးလုံး ပဲ မင်္ဂလာပါ၊
ဒီပုံရိပ်လေး တွေ က တော့ မနှစ် က ၂၀၁၂ ဂျူလိုင် ၁ ရက်နေ့ မှာ
အေးချမ်းသာ ပရဟိတကျောင်း ကို မှော်ဘီ အွန်လိုင်း မိသားစု အဖွဲ့ က
သွားရောက် လှူဒါန်းခဲ့ ပုံလေးတွေ ဖြစ်ပါတယ်။

မနှစ်က အလှူလေးဖြစ်မြောက်အောင် ငွေအား လူအားနဲ့ ပါဝင်ကူညီခဲ့ကျတဲ့ သူငယ်ချင်း
များနဲ့ အလှူရှင်များ အားလုံး ကို လဲ အထူးပင် ကျေးဇူး တင်ပါတယ်..။

ဒီနှစ်လည်း ချို့တဲ့သည့် နေရာ တစ်ခုခု ကို သွားလှူကြရအောင်။
နေရာအတိအကျ မသတ်မှတ်ရသေးပါဘူး၊
မှော်ဘီ ၀န်းကျင် က နေရာတစ်ဝိုက်ပါ၊ ဘိုးဘွား ရိပ်သာ / မိဘမဲ့ကျာင်း /
ဘုန်းတော်ကြီး ပညာသင်ကြောင်း / မူလတန်းကျောင်း / အမှန်တကယ် လိုအပ်နေတဲ့
နေရာ တစ်ခုခုပါ၊

ကောင်းမွန် တဲ့ကိစ္စ လေး ဖြစ်တာမို့ တစ်နှစ် တစ်ခါ အစဉ်အလာ ကောင်းလေးနဲ့ လှူဖြစ်သွားအောင် ပါဝင် လှူဒါန်းကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ။

အလှူငွေများလှူဒါန်းလိုပါက ..ဆက်သွယ်ရန်

Ko Hlaing Min Shein                      hp: 09 550 6864

Ko Nway Yate..( မျိုးဇော်ထွန်း )        hp: 09 4210 88767

ko Nay Min ..( နေမျိုးထက် )            hp: 09 4500 13413

ko Pyae Phyo Aung                       hp: 09 732 35187

ko Soe Thet Paing ( သားကြီး-> SNT - Internet )         hp: 09 731 01705

Ko John Kaung ( ကောင်းမြတ်ပြည့်စုံ )                          hp: 09 45000 5154

Ko Kyaw Thu Hein ( ဆိုးပေ - တပ်ကြီးကုန်း )                  hp: 09 732 33769

မှော်ဘီ မှ အလှူရှင်များ အနေနဲ့  SNT-internet ဆိုင် (ကားလေးဂိတ် အနီး )
သို့ လာရောက် လှူဒါန်းနိုင်ပြီး လာရောက် လှူဒါန်းရန် အဆင်မပြေသည့် မှော်ဘီ အနီး အနား နှင့် ရန်ကုန်မြို့တွင်းမှ အလှူရှင်များး လဲ ပါဝင်လှူဒါန်းနိုင်ရန်  အလှူငွေများကို အိမ်တိုင်ရာရောက် လာရောက် ကောက်ခံပေးးမည်ဖြစ်ပါကြောင်း

မှော်ဘီ အွန်လိုင်း မိသားစု

မှော်ပီဆရာသိန်း ( ၁၈၆၂ _ ၁၉၄၂ )

မြန်မာ့စာပေလောကတွင် အထင်ကရ စာပေပညာရှင်ကြီးတစ်ဦးဖြစ်သော ..
ဆရာကြီး မှော်ပီဆရာသိန်းကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၏ ဇာတိမြို့ ဖြစ်သော ..
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်တွင် " ဆရာကြီးမှော်ပီဆရာသိန်း စာကြည့်တိုက် " ကို
ဆောက်လုပ်လှူဒါန်းသွားမည် ဖြစ်ပါသောကြောင့် စေတနာရှင်မိဘပြည်သူများအနေဖြင့် ..
တတ်စွမ်းသရွေ့ ပါဝင်လှူဒါန်းကြပါရန် လေးစားစွာဖြင့် နှိုးဆော်အပ်ပါသည် ။

လှူဒါန်းလိုပါက ..

( ၁ ) မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း
၀၁ ၃၉၈၇၅၆
၀၁ ၃၇၁၃၄၂

( ၂ ) ဦးမောင်မောင်
ဥက္ကဌ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း
၀၉ ၅၁၂၄၅၂၁

( ၃ ) လမင်းမိုမို
၀၉ ၅၁၁၈၉၃၇

( ၄ ) ခန့် စည်သူ
၀၉ ၄၂၀၀၀၆၆၆၀

( ၅ ) ထွန်းအိန္ဒြာဗို
၀၉ ၅၁၅၉၀၈၂

( ၆ ) မေတ္တာသင်္ဂဟအဖွဲ့ 
၀၉ ၇၃၁၆၄၉၂၄

( မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း )

Saturday, May 26, 2012

လှူကြရအောင်

ကျွန်တော်တို့ .... မှော်ဘီ အွန်လိုင်းမိသားစုအနေနဲ့ အလှူလေးးတစ်ခုလောက် လုပ်ကြရအောင်လို့
မန်ဘာ တစ်ချို့ က အကြံဥာဏ် ပေးးလာတယ် ။ ဒါနဲ့ ဘယ်ကို လှူရင် ကောင်းမလဲ ပေါ့ဗျာ ဟိုလူအကြံပေး ဒီလူအကြံပေးးနဲ့ နီးစပ်ရာပေါ့ ရှာကြည့်လိုက်တော့ တာဂွ က အေးချမ်းသာ မိဘမဲ့ ကလေး စောင့်ရှောက်ရေး ပရဟိတဘုန်းတော်ကြီးကျောင်း ကို လှူမယ်လို့ ရွေးလိုက်တယ် ....

ဒီ ဘုန်းကြီးကျောင်းကို ၂၀၀၁ လောက်က စတည်ထောင်ပြီး မိဘမဲ့ ကလေးတွေကို လက်ခံ စောင့်ရှောက်ထားတာ ခုဆို ၁၁ နှစ် လောက်ရှိပါပြီ ။ ဘုန်းကြီးကျောင်းမှာ စာသင်ပေးးတာ မဟုတ်ပဲ
ကလေးတွေရဲ့ စားဝတ်နေရေး ပညာရေး ကျန်းမာရေး အစစ အရာရာ တာဝန်ယူစောင့်ရှောက်ပေးထားးတဲ့
ကျောင်းဖြစ်ပါတယ်။

ယောင်္ကျား လေးး တွေ ကိုသာ လက်ခံ ထားးပြီးး ကရင် ပအို့ စသဖြင့် ပေါ့ တိုင်းရင်းသား စုံစုံလင်လင် တွေ့ခဲ့ရပြီးးး မည်သည့် ဘာသာ ၀င်ကို မဆို လက်ခံစောင့်ရှောက်ပေးထားးပါတယ်

အသက်၎ နှစ် အရွယ် မှ တက္ကသိုလ်ကျောင်းသား အရွယ်ထိ ရှိပါတယ်
မူလတန်း နဲ့ အလယ်တန်းကို တော့ တာဂွ က အလယ်တန်းကျောင်းမှာ ပဲ ထားးပါတယ်. ကိုးတန်း ဆယ်တန်း
တွေ ကိုတော့ တိုက်ကြီးကအထက်တန်းကျောင်းတစ်ကျောင်းမှာ ထားပါတယ် ။ နည်းပညာ တက္ကသိုလ် ကျောင်းသားး သုံးယောက်နဲ့ အခြား တက္ကသိုလ် များမှာ တက်ရောက် ပညာသင်ကြားနေသူများလဲ ရှိပါတယ်။

ကျောင်းသား အားလုံးကို ကျောင်းထားပေးရတဲ့ စရိတ် က မနှစ်က ဆိုရင် ၇၇ ယောက် ကို ၃သိန်း ပတ်ဝန်းကျင်လောက်ကျပါတယ်.။ယခု နှစ်ဆိုရင် ကျောင်းသား အယောက် ၉၀ နီးပါးခန့် ရှိပါတယ်။
ကျောင်းမအပ်ရ သေးး ပါ ဘူးးး။

ကလေးးတွေ ကို တစ်နေ့ ထမင်း သုံးနပ်ကျွေးပါတယ်..တစ်နေ့ ကို ဆန်တစ်အိတ် နီးပါး ကုန်ပါတယ် ဟင်းဖိုးက တစ်သောင်းခွဲ လောက်ကျပါတယ်..အတန်းကြီးးတွေ ကို နီးစပ်ရာတွေ မှာလဲ ကျူရှင်ထားပေးးပါတယ်
ကလေးတွေ ကျောင်းသွားကျောင်းပြန်လမ်းစရိတ် ကျောင်း က ကောက်ခံ တဲ့ ငွေ တွေသွင်းးဖို့ ..လဲ ပေးရပါတယ် အဲဒီအတွက် တစ်နေ့ ကို ငါးသောင်းလောက် ကုန်ကျ စရိတ် ရှိတယ်လို့ သိရပါတယ်

ခုဆိုရင် မိုးရာသီကျောင်းဖွင့်တော့ မှာဆိုတော့ ထီး ၊ မိုးကာ ၊ လွယ်အိတ် ၊ ဘောပင် တို့ လိုအပ်နေပါတယ်
စာအုပ် တွေ က တော့ အတော် များများ ကို လာလှူထားကြလို့ ၂နှစ်စာလောက်တောင်ရှိပါတယ်။

ဒီတော့ .ကျွန်တော်တို့ မှော်ဘီအွန်လိုင်းမိသားစု အနေနှင့်တတ်စွမ်းသမျှလေးပေါ့ ကူညီကြရအောင်ဗျာ
မန်ဘာများး ကလဲအလှူ နဲ့ ပက်သက်ပြီးးး သိလိုသည် များးကို မေးမြန်းပြီး ၀င်ရောက် လှူဒါန်းးးနိုင်ပါကြောင်းးး
အသိပေးးနှိုးဆော်အပ်ပါတယ်ခင်ဗျားးးးးးးးးးးး
  Hmawbi Online Family Group

Saturday, May 19, 2012

ဆွေးနွေးပေးကြပါဦး...။

ကျွန်တော်တို့တွေ Hmawbi online family ရဲ့ မဲ့လေးမဲ့ စသည်ဖြင့်...ချို့တဲ့နွမ်းပါးတဲ့ နေရာတွေကို လှူဖို့အတွက် အားလုံး စိတ်ပါဝင်စားကြတာကိုသိရပါတယ်။ဟိုတစ်နေ့က ပို့စ်ရဲ့အောက်မှာကွန်မန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးတွေ့လိုက်ရလို့ပါ..။ထားပါတော့ဗျာ။အဲ့လိုစိတ်ဝင်တစားရှိကြတဲ့အတွက်...အလှူဖြစ်မြောက်ရင်လည်း မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဖြစ်ဦးမှာပါ...။ဒီတော့ အားလုံးတိုင်ပင်ဆွေးနွေးကြဖို့အတွက် ကျွန်တော်တစ်ခု ပြောချင်ပါတယ်။အလှူလုပ်မယ်ဆိုတာ...တစ်နေရာ၊ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထဲကို ပဲမဟုတ်ပဲ...တကယ်ချို့တဲ့တဲ့ နွမ်းပါးတဲ့ နေရာ အမြောက်အမြားကို လှူဒါန်းကြမှာပါ...။လှူဒါန်းဖို့အတွက် အဓိက လိုအပ်တာက အလှူခံပုဂ္ဂိုလ်တွေပါ...။ဒီတော့ တကယ်နွမ်းပါးတဲ့ နေရာတွေကို အားလုံးတတ်စွမ်းသမျှ စုံစမ်းထားကြစေချင်ပါတယ်။တစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါလောက် အလှူကို ဖြစ်မြောက်စေချင်ပါတယ်။
အလှူလုပ်မယ့် နေ့ရက်ကိုလည်း နေ့တစ်နေ့လောက်သီးသန့်ရွေးထားစေချင်ပါတယ်။ဥပမာ...လတစ်လရဲ့ ပထမဆုံးရက်လိုနေ့မျိုးကို ဒီအဖွဲ့လေးရဲ့ အလှူနေ့အဖြစ်သတ်မှတ်တာမျိုးပေါ့...။အဲ့ဒီလို ရက်တစ်ရက်သတ်မှတ်လိုက်မယ်ဆိုရင်...အဲ့ဒီနေ့မတိုင်ခင် ငါးရက်ခြောက်ရက်လောက်စောပြီး အလှူငွေကောက်ခံတဲ့ရက်ကို နောက်ဆုံးကန့်သတ်လို့ရပါတယ်။အလှူနေ့ကို စ သတ်မှတ်မယ်ဆိုရင်လည်း တစ်လလောက်စောပြီး သတ်မှတ်စေချင်ပါတယ်။ဒါမှလည်း လှူမယ့် အလှူရှင်တွေ တစ်လလောက် ပိုက်ပိုက်စုထားလို့ရတာပေါ့လေ...။နောက်လတွေ နောက်လတွေမှာတော့ ဒီလိုပဲ လည်ပတ်သွားပါလိမ့်မယ်။အလှူကောက်ခံပေးမယ့်သူများလည်း လိုအပ်ပါတယ်။အလှူစာရင်းကိုလည်း ကန့်သတ်ရက်နီးလာရင်...တင်ပေးစေချင်ပါတယ်။ဒါမှ မလှူလိုက်ရတဲ့သူတွေလည်း ပါဝင်ကုသိုလ်ရအောင် သာဓုခေါ်လို့ရတာပေါ့။လှူချင်တန်းချင်တဲ့စိတ်လေးလည်း ၀င်သွားနိုင်တာပေါ့...။အားလုံးလှူကြတဲ့ ပိုက်ပိုက်တွေက အလှူတစ်ခုပြုဖို့သင့်တော်တဲ့ ပမာဏရောက်သွားရင်တော့ သတ်မှတ်ထားတဲ့ နေ့လေးမှာ ဒီအဖွဲ့ရဲ့ အလှူလေးစကျင်းပနိုင်ပြီလေ။ဒါပေမယ့် တစ်လထဲနဲ့ အလှူတစ်ခုပြုဖို့သင့်တော်တဲ့ ပမာဏမရသေးရင်တော့ နောက်တစ်လပါ ထပ်ပေါင်းပြီး နောက်တစ်လရဲ့ သတ်မှတ်ထားတဲ့ ရက်လေးမှာ လှူနိုင်ပါတယ်။ကဲ...အားလုံး ဆက်ဆွေးနွေးပေးကြပါဦးဗျာ....။

Via...Nway Yate..

Monday, April 30, 2012

သူငယ်ချင်း ဖတ်စာ

ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။

ငါတို့သည်...
လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။

ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။

အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။

အို ... ''လူသားအားလုံးချမ်းမြေ့ပါစေသား''
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။

သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်

အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။

နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။

မှ/သူငယ်ချင်းတစ်ယောက်ဧ။်ကဗျာကို ကူးယူဖော်ပြသည်။